မိခင်အိမ်မက် အတိုင်း တကယ်ဖြစ်လာခဲ့သည့် မြန်မာနိုင်ငံသူတစ်ဦ

 

ထိုင်းနိုင်ငံ နကော်နရုတ် ခရိုင်မှာနေထိုင်နေတဲ့ မချယ်ရီ အသက် ၂၇ နှစ် ကို မိခင်က အိမ်မက်ပေးတယ်ေ၇ွှတွေသူများခိုးလိမ့်မယ်လို့  သတိပေးခဲ့တာကြောင့် ထိုင်းနိုင်ငံမှာ ၁၀နှစ်ကျော်အလုပ်လုပ်ပြီး စုဆောင်းထားတဲ့ ရွှေ(၇) ကျပ်သား ကို ဘယ်မှာဖွတ်ရမလည်း မသိဖြစ်နေခဲ့ပါတယ်။

ဓါးမြသူခိုးတွေရန်ကိုလည်း ကြောက်ရ-ကိုယ်မှာတချိန်လုံး ဆွဲထားလည်းသူများလုမှာ စိုးရိမ်စရာကာလမို့ သားအမိနှစ်ယောက်တိုင်ပင်ပြီးတဲ့နောက် နေအိမ်နဘေး က မြေကြီးကို တတောင်သာသာတူးပြီးေ၇ွှခုနှစ်ကျပ်သားကိုမြေမြုပ် ပေးခဲ့သူဟာ ချယ်ရီရဲ့  မိခင်ဖြစ်ပါတယ်၊။

ယခုလ( မေလ )၄ရက်နေ့ က မြုပ်ထားခဲ့တဲ့ေ၇ွှ(၇)ကျပ်သားကို မေလ(၂၇) မှာ ပြန်ဖေါ်ကြည့်တဲ့အခါေ၇ွှထည်းထားတဲ့အိပ်တွေသာတွေ့ ရပြီး အတွင်းကေ၇ွှတွေ ပျောက်ဆုံးသွားခဲ့ပါတယ်။

မချယ်ရီရွှေပျောက်ဆုံးတဲ့သတင်း လူမှုကွန်ယက်ကနေ ထိုင်းသတင်းတွေမှာ ပါလာတာကြောင့် ဒီကနေ့  သူမရဲ့ အမှုကို လူအခွင့်ရေးေ၇ှ့ နေက လိုက်ပေးပြီး ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ကြောင်းသိရပါတယ်။

 

ရဲတပ်ဖွဲ့ ကတော့ နေအိမ်မှာ ရှိနေသူတွေနဲ့  သူမရဲ့  မိခင်ကို ဆက်လက်စစ်ဆေးမှုတွေလုပ်နေပါပြီ။ ချယ်၇ီရဲ မိခင်က သူမနဲ့ ခင်ပွန်းသည်တို့  အလုပ်သွားနေချိန်မှာစိတ်မချလိုေ၇ွှရှိတဲ့နေရာကိုလာတူးကြည့်တဲ့အခါမှာေ၇ွှတွေမရှိတာတွေ့ ရတယ် လို့  မိခင်က သတင်းဌာနကို ပြောသွားတာ တွေ့ ရပါတယ်။

ရွှေတူးယူသွားတဲ့ သူဟာ ဓါးတလက်နဲ့ ဖိနပ်တရံ သက်သေအဖြစ်ထားခဲ့တာကိုလည်း တွေ့ ရပါတယ်။

mmrepublic

Be the first to comment

Leave a Reply

Your email address will not be published.


*