တိုက်ပွဲတွေအတွင်း AA အကြမ်းဖက်အဖွဲ့ဝင် အလောင်း (၁၀၀) နီးပါး ရရှိခဲ့တယ်လို့ သမ္မတရုံးမှ ဦးဇော်ဌေး ပြော

 

တိုက်ပွဲတွေ အတွင်း AA အကြမ်းဖက်ဖွဲ့ဝင် အလောင်း ၁၀၀ နီးပါးရရှိခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးဇော်ဌေးက ပြောပါတယ်။

မေလ ၃၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အစိုးရ ရဲ့ တတိယ (၁) နှစ်တာကာလ လုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြေဆိုခဲ့တာပါ။

ထိတွေ့မှု အကြိမ်ပေါင်း ၂၀၆ ကြိမ် ဖြစ်ပွားခဲ့ပြီး AA အကြမ်းဖက် အဖွဲ့ဝင် တွေရဲ့ အလောင်း ၁၀၀ နီးပါးရရှိခဲ့ကြောင်း နဲ့ အရှင်ဖမ်းမိတဲ့ ၄၈ ဦးကို ဥပဒေနဲ့အညီ ဆက်လက်စစ်ဆေးဖို့ဆောင်ရွက်နေတယ်လို့ န ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောခဲ့တာပါ။

latkhatthan

Be the first to comment

Leave a Reply

Your email address will not be published.


*