ချင်းညီအကိုတွေသိစေချင်တာ AA တိုက်နေတာ ရခိုင်လူမျိုးတခုတည်းအတွက်မဟုတ်ဘူးဆိုတာပဲ။ချင်း နင့်ရခိုင်အပါအဝင်

 

ချင်းညီအကိုတွေသိစေချင်တာ AA တိုက်နေတာ ရခိုင်လူမျိုးတခုတည်းအတွက်မဟုတ်ဘူးဆိုတာပဲ။ချင်း နင့်ရခိုင်အပါအဝင် မြန်မာပြည်ကဖိနှိပ်ခံပြည်သူတွေအားလုံးအတွက်တိုက်နေတာဖြစ်တယ်။




ဗမာအစိုးရပေးတဲ့နေရာတခု ရာထူးတခုကိုရရုံနင့် အားလုံးတန်းတူနေပြီလို့ထင်နေကြရင်သိပ်မှားသွားလိမ့်မယ်။အသုံးချခံဘဝကိုနားမလည်ပဲတနပ်စာအတွက် မာန်တက်နေရင်ရေရှည်မှာတမျိုးသားလုံး ကျွန်ပုန်းဘဝနင့်နိဂုံးချုပ်ကြရလိမ့်မယ်။

 




ကိုယ့်လူမျိုးရဲ့အမျိုးသားအကျိုးစီးပွားကိုဖေါ်ဆောင်တဲ့အခါ ရသင့်ရထိုက်တာကိုဘယ်သူ့မျက်နှာမှမထောက်ပဲပြတ်ပြတ်သားသားတိုက်ယူနိုင်ဖို့လိုတယ်။ကိုယ့်လူမျိုးအနာဂတ်အတွက်ခိုင်မာတဲ့အာမခံချက်ရှိအောင်လုပ်နိုင်ဖို့လိုတယ်။

၁၉၄၈-ကနေဒီနေ့အထိအနေအထားကိုပြန်ကြည့်ရင် ကျနော်တို့တွေဟာ ကိုယ့်လူမျိုးကံကြမ္မာကို မိုက်မဲစွာသူတပါးထိုးအပ်ခဲ့မိကြလို့ ခုချိန်မာသူတို့လက်ဝေစာ စားနေကြရတဲ့အနေအထား။တနည်းအားဖြင့်ကျနော်တို့တမျိုးသားလုံးရဲ့ကံကြမ္မာကသူတပါးလက်ထဲရောက်နေခဲ့ကြရတယ်။


လမ်းလေးတခုကောင်းကောင်းလုပ်ဖို့သူတပါးဆီအသနားခံနေကြရတယ်၊စာသင်ကျောင်းလေးတဆောင်အတွက်၊တံတားလေးတခုအတွက်၊ဆေးခန်းလေးတခန်းအတွက် အစစအရာရာသူတပါးကို အားကိုးနေကြရတဲ့အခြေအနေကိုရောက်နေကြရတယ်။

ခပ်ရိုင်းရိုင်းပြောရရင်မွေးကတည်းက သူတောင်းစားဘဝကိုအလိုလိုရောက်နေရတဲ့သဘောဖြစ်တယ်။ကိုယ့်မွေးရာပါအခွင့်အရေးရဖို့သူတပါးဆီအောက်ကျို့နေကြရတယ်။။ဒါဟာလက်သင့်ခံနိုင်စရာမရှိဘူး။လူ့ဂုဏ်သိက္ခာကိုအဆုံးစွန်ထိထိခိုက်စေတဲ့အဖြစ်မျိုးက အားလုံးရုန်းထွက်ကြရမယ်။


AA ရက္ခိုင့်တပ်တော်တိုက်နေတာဟာ လူတိုင်းလူ့ဂုဏ်သိက္ခာအပြည့်

ရပ်တည်ရှင်သန်နိုင်ဖို့၊လူတိုင်းမွေးရာပါအခွင့်အရေးကိုရရှိခံစားနိုင်ဖို့၊ကိုယ့်လူ့အဖွဲ့အစည်း ကိုယ့်အသိုင်းအဝိုင်းကံကြမ္မာကို ကိုယ်တိုင်ထုဆစ်အကောင်အထည်ဖေါ်နိုင်ဖို့ဖြစ်တယ်။

ဒါတွေအတွက်သူတပါးကိုအားကိုးနေလို့မဖြစ်တော့ဘူး။အချိန်တွေဘဝတွေမရေတွက်နိုင်အောင်ပေးဆပ်ခဲ့ကြပြီးပြီ။ရလာတဲ့အကျိုးအမြတ်ဝေစုထဲမှာ ကျနော်တို့မပါခဲ့ဘူး။ကျနော်တို့ဘဝအခြေအနေဟာ ဒုံရင်းကဒုံရင်းပဲဖြစ်နေတယ်။သူတပါးလက်ဝေခံဘဝပဲဖြစ်နေဆဲဖြစ်တယ်။

ကိုယ့်လူမျိုးကံကြမ္မာသူတပါးကကောင်အောင်ဖန်တီးပေးမယ်လို့အားကိုးယုံကြည်နေတာလောက် မိုက်မဲတာမရှိဘူးလို့ဆိုရိုးစကားရှိတယ်။ချင်းလူမျိုးအသိပညာရှင်အတတ်ပညာရှင်တွေများစွာရှိပါတယ်။ဒီသဘောတရားကိုသဘောပေါက်ပေါက်နားလည်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။

 

Aung mrin soe

 


 

Be the first to comment

Leave a Reply

Your email address will not be published.


*